Skip to main content
:
hero banner icon

ကွင်းစလန်သစ်သီးယင်က ကို စီမံထိန်းချုပ်ခြင် (Managing Queensland fruit fly, Burmese)

ဒေါင်းလုပ်ကွင်းစလန်းသစ်သီးယင် ကို စီမံ  (PDF - 473.4 KB)

ကွင်းစလန်းသစ်သီးယင်ကို ဗစ်တိုးရီးယားပြည်နယ်တွင် တွေ့ရှိရပြီး သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များစွာကို တိုက်ခိုက်တတ်ပါသည်။ ဤအချက်အလက်စာရွက်က ကွင်းစလန်းသစ်သီးယင်ကို သင့်ဥယျာဉ်တွင်ရှာဖွေရန်နှင့် သင်စိုက်ပျိုးထားသည့် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ပျက်စီးမှုမှ ကာကွယ်ရန် ကူညီပေးပါလိမ့်မည်။

ကွင်းစလန်သစ်သီးယင်က ဘယ်လိုပုံစံလဲ။

ကွင်းစလန်းသစ်သီး ယင်သည် ဘဝအဆင့်လေးဆင့်ကို ဖြတ်သန်းရပါသည်။ ထိုယင်သည် သင့်တော်သောရာသီဥတုအခြေအနေများ (တစ်နည်းအားဖြင့် 26 ⁰ C ) တွင် ရက်ပေါင်း 30 အတွင်း ဥမှ အရွယ်ရောက်ကောင်အဖြစ်သို့ ပြောင်းလဲနိုင်သည်။

ဥ

1.  ဥ - ကွင်းစလန်သစ်သီးယင်သည် လက်ခံပင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များအတွင်းတွင် အဖြူရောင်၊ ငှက်ပျောသီးပုံရှိသော ဥများဥချကြသည်။ အမတစ်ကောင်သည် တစ်နေ့လျှင် ဥ 100 အထိ ဥချနိုင်သည်။ ဥများသည် 1 မီလီမီတာရှည်ပြီး မြင်ရဖို့မလွယ်ပါ။

ပိုးလောင်

2. ပိုးလောင်း - ဥတစ်လုံးစီက ခရင်မ်ရောင်သေးငယ်သည့် ပိုးလောင်းတစ်ကောင် ပေါက်လာသည်။ ပိုးလောင်းများသည် သစ်သီးကို စားပြီး အတွင်းပိုင်းကို ပုပ်သိုးစေသည်။ ပိုးလောင်းများသည် 9 မီလီမီတာအထိ ရှည်လျားသည်။ အပြည့်အဝကြီးထွားလာသည့်အခါ ပိုးလောင်းသည် သစ်သီးထဲမှထွက်ပြီး မြေဆီလွှာထဲသို့ ဖောက်ဝင်သွားသည်။

ပိုးတုံးလုံး

3. ပိုးတုံးလုံး - မြေဆီလွှာထဲသို့ရောက်သည့်အခါ ပိုးလောင်းသည် ဘဲဥပုံ အညိုရောင် မာကြောသော ပိုးတုံးလုံးအဖြစ်သို့ ပြောင်းသွားသည်။ ပိုးတုံးလုံးအခွံအတွင်းတွင် အရွယ်ရောက် ကွင်းစလန်းသစ်သီး ယင်ကောင် စတင်ဖွံ့ဖြိုးလာသည်။

အရွယ်ရောက်ကောင်

4. အရွယ်ရောက်ကောင် - ကွင်းစလန်းသစ်သီးယင်သည် 7 မီလီမီတာခန့် ရှည်လျားပြီး ခန္ဓာကိုယ်ပေါ်တွင် ထင်ရှားသော အဝါရောင် အမှတ်အသားများဖြင့် နီညိုရောင်ရှိသည်။

ကွင်းစလန်းသစ်သီး ယင်ကောင်များကို နွေဦး၊ နွေရာသီနှင့် ဆောင်းဦးရာသီအတွင်း ဥယျာဉ်များတွင် တွေ့ရှိနိုင်သည်။

လူသိများသော ကွင်းစလန်းသစ်သီးယင် ခိုအောင်းတတ်သည့် အိမ်တွင်းစိုက်ပျိုးသည့် လက်ခံပင်များ

ကွင်းစလန်းသစ်သီးယင်သည် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်မျိုးမျိုးအတွင်း ဥများဥချလေ့ရှိသည် - ယင်းတို့ကို ‘လက်ခံပင်များ’ဟု ခေါ်ပါသည်။ အများအားဖြင့် စိုက်ပျိုးလေ့ရှိသည့် နမူနာအချို့ကို အောက်တွင် ဖော်ပြထားသည်။

ပန်းသီး၊ apricot၊ ထောပတ်သီး, capsicum, ငရုတ်သီး၊ cumquat, ခရမ်းချဉ်သီး၊ သင်္ဘောသဖန်း၊ စပျစ်သီး၊ သံပုရာ၊ ထုံး၊

လက်ခံပင်များ၏ စာရင်းအပြည့်အစုံကို  Queensland fruit fly တွင် ရရှိနိုင်ပါသည်

ဥယျာဉ်များအတွင်းရှိ ကွင်းစလန်းသစ်သီးယင်ကို စီမံထိန်းချုပ်ခြင်း

1. ကွင်းစလန်းသစ်သီးယင်အတွက် ပထမဆုံး စစ်ဆေးမှု

ထောင်ချောက်များ - ကွင်းစလန်းသစ်သီးယင်ထောင်ချောက်များ ချိတ်ဆွဲပြီး သင့် ဥယျာဉ်ထဲတွင် ကွင်းစလန်းသစ်သီးယင်ရှိမရှိ စစ်ဆေးကြည့်ပါ။ ထောင်ချောက်များကို အနီးဝန်းကျင်ရှိ အရိပ်ရသည့် အမြဲစိမ်း သစ်ပင်တစ်ပင်တွင် ခန့်မှန်းခြေအားဖြင့် 1.5 မီတာ အမြင့်တွင် ချိတ်ဆွဲပါ။ ယင်းကို နွေဦးအစောပိုင်းတွင်စတင်ပြီး ဆောင်းရာသီအထိ ဆက်လက်ချိတ်ဆွဲထားပါ။

ကွင်းစလန်းသစ်သီးယင်ကို ဆွဲဆောင်ဖမ်းဆီးနိုင်သည့် ထောင်ချောက်အမျိုးမျိုးရှိပါသည်။ ဤထောင်ချောက်များသည် သင့်ဥယျာဉ်အတွက် ကောင်းသော အခြားပိုးမွှားများကိုလည်း ဆွဲဆောင်နိုင်ပြီး ဖမ်းမိနိုင်သောကြောင့် သင်၏သစ်ပင်များ သို့မဟုတ် အပင်များပေါ်တွင် အင်းဆက်ပိုးသတ်ဆေးများမသုံးမီ ကွင်းစလန်းသစ်သီးယင်ကို ဖမ်းမိထားခြင်းဟုတ်မဟုတ်ကို စစ်ဆေးပါ။

2. ထိန်းချုပ်နည

်းများ

သင့်ဥယျာဉ်ထဲတွင် ကွင်းစလန်းသစ်သီးယင်ကို တွေ့ရှိပါက ထိန်းချုပ်နည်းများ ပေါင်းစပ်အသုံးပြုခြင်းဖြင့် အကောင်းဆုံးထိန်းချုပ်နိုင်မည်ဖြစ်သည်။ ကွင်းစလန်းသစ်သီးယင်သည် မာသော အစိမ်းရောင်သစ်သီးအတွင်းတွင် ဥများ ဥချနိုင်သောကြောင့် သစ်သီးခူးဆွတ်နိုင်အောင် မမှည့်မီ အနည်းဆုံး 6-8 ပတ်အလိုတွင် ထိန်းချုပ်နည်းများကို စတင်အသုံးပြုပါ။

သီးသန့်ဖယ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်– ကွင်းစလန်းသစ်သီးယင်အား သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များအတွင်း ဥချထားခြင်းကို တားဆီးရန် ဝတ်မှုန်ကူးပြီးနောက် သစ်သီးများကို ဖုံးအုပ်ရန် အင်းဆက် ပိုက်ကွန်၊ အိတ်များ သို့မဟုတ် စွပ်အိတ်များကို အသုံးပြုပါ။ ပိုက်ကွန်က အသီးကို မထိပါစေနှင့်။

မျှားထားသောအစာများ၊ ထောင်ချောက်များနှင့် ပိုးသတ်ဆေးများ  - ကွင်းစလန်သစ်သီးယင် ထောင်ချောက်များနှင့် မျှားထားသောအစာများသည် သင့်ဥယျာဉ်တွင်းရှိ သစ်သီးယင်များက သစ်သီးများကို မဖျက်ဆီးမီ ၎င်းတို့ကို မျှားယူဖမ်းဆီးပါသည်။ ယင်ဖိုနှင့်ယင်မနှစ်မျိုးလုံးကို သေစေမည့် ထောင်ချောက်များကို ရှာဖွေပါ။ ထောင်ချောက်တစ်ခုတည်းဖြင့် သစ်သီးယင်ကို ထိန်းချုပ်နိုင်မည်မဟုတ်ပါ။

ကွင်းစလန်းသစ်သီးယင်ကို သေစေနိုင်သည့် ပိုးသတ်ဆေးများလည်း ရရှိနိုင်ပါသည်။ ပိုးသတ်ဆေးများကို မမှန်မကန်အသုံးပြုလျှင် အန္တရာယ် ဖြစ်စေနိုင်ပါသည် - တံဆိပ်ပါအညွှန်းများကို ဖတ်ရှုလိုက်နာပါ။

ဤထုတ်ကုန်များ အားလုံးကို ပျိုးပင်အရောင်းဆိုင်များ၊ အိမ်တွင်း ဥယျာဉ်စတိုးဆိုင်များနှင့် အွန်လိုင်း လက်လီဆိုင်များမှ ဝယ်ယူနိုင်ပါသည်။

သစ်သီးများကို ဖုံးအုပ်ရန် အင်းဆက် ပိုက်ကွန်၊ အိတ်များ သို့မဟုတ် စွပ်အိတ်များကို အသုံးပြုပါ။ ပိုက်ကွန်က အသီးကို မထိပါစေနှင့်။ translate english

အင််းဆ ်ပ ို ် ွန်

3. သင်၏သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို စစ်ဆေးပါ

အခွံ/အခေါက်ပေါ်တွင် ပိုးဖောက်ရာများနှင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များအတွင်း ပိုးလောင်းများ ရှိမရှိရှာဖွေပါ။

အခွံ/အခေါက်ပေါ်တွင် ပိုးဖောက်ရာများနှင့်

ပ ို်းလ ော ်ရောမ ော်း

4. မရှိမဖြစ်လိုအပ်သောဥယျာဉ်စောင့်ရှောက်မှု (သန့်ရှင်းစွာထားခြင်း)

သစ်သီး ရင့်မှည့်လာသည်နှင့် ခူးပြီး အသုံးပြုပါ။ ပုပ်နေသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်အားလုံးအပြင် သင်မစားလိုသော သစ်သီးများကိုလည်း ဖယ်ရှားပြီး မြေပေါ်သို့ ခြွေချပါ။ ယင်းက ကွင်းစလန်းသစ်သီးယင်ကို သင့်ဥယျာဉ်တွင် မျိုးပွားခြင်းမှ တားဆီးပေးပါလိမ့်မည်။

သစ်သီးပင်များကို အသီးခူးနိုင်ရန်၊ အင်းဆက်ပိုက်ကွန် သို့မဟုတ် စပရေး အသုံးပြုနိုင်ရန် မှီနိုင်လောက်သည်အထိ အကိုင်းအခက်များကို ဖြတ်တောက်ထားပါ။

သစ်သီးများကို မလွှင့်ပစ်မီ အေးခဲခြင်း၊ မိုက်ခရိုဝေ့ဖြင့်အပူပေးခြင်း၊ ပြုတ်ခြင်း၊ နေရောင်ပြခြင်း (ပလတ်စတစ်အိတ်ထဲတွင် အလုံပိတ်ပြီး အနည်းဆုံး 14 ရက်ကြာ နေရောင်ခြည်အောက်တွင် ထားခြင်း) ဖြင့် အတွင်းတွင်ရှိနိုင်သည့် မည်သည့်ပိုးလောင်းများကိုမဆို သတ်ပစ်ရန်လိုအပ်သည်။ ထိုသို့ပြုလုပ်ပြီးနောက် အိတ်ထဲထည့်ထားသည့် သစ်သီးကို အမှိုက်ပုံးထဲထည့်နိုင်ပါသည်။

ကွင်းစလန်းသစ်သီးယင် ကိုက်ထားသော သို့မဟုတ် ဖျက်ဆီးထားသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို မြေဆွေးမဖြစ်ပါစေနှင့်။

သင်၏ သစ်သီးနှင့် ဟင်းသီးဟင်းရွက်သစ်ပင်များကို မစောင့်ရှောက်နိုင်ပါက လက်ခံပင်မဟုတ်သော အလှဆင်ပင်များဖြင့် အစားထိုးပါ (ဥပမာ- ဒေသရင်း နန်းလုံးကြိုင်ပင် (native wattles) သို့မဟုတ် ရွှေထင်းရှူးပင် (grevilleas))။

ကွင်းစလန်းသစ်သီးယင်ကို မပျံ့နှံ့ပါစေနှင့်။

နေရာအသစ်များသို့ ကွင်းစလန်းသစ်သီးယင် ပျံ့နှံ့သွားခြင်းကို တားဆီးရန် အကောင်းဆုံးနည်းမှာ အထူးသဖြင့် အိမ်တွင်စိုက်ပျိုးသည့် လက်ခံပင် သစ်သီးများ သို့မဟုတ် ဟင်းသီးဟင်းရွက်များနှင့်အတူ ပါမသွားစေရန်ဖြစ်သည်။

အချို့ဧရိယာများထဲသို့ လက်ခံပင် စိုက်ပျိုးရေးထုတ်ကုန်များနှင့်အတူ သွားသည်ကိုတွေ့ရှိရပါက ဒဏ်ငွေရိုက်ခံရနိုင်သည် - အသေးစိတ်ကိုAustralian interstate quarantine တွင် ဝင်ရောက်ကြည့်ရှုပါ။

နောက်ထပ်အချက်အလက်များကိုQueensland fruit fly တွင်ဖြစ်စေ၊ 136 186 ဖြင့် သုံးစွဲသူဝန်ဆောင်မှု စင်တာကို ခေါ်ဆိုခြင်းဖြင့်ဖြစ်စေ ရရှိနိုင်သည်။

ဗစ်တိုးရီးယား အလုပ်အကိုင်၊ နယ်မြေနှင့် ဒေသဆိုင်ရာ ဌာန (Victorian Department of Jobs, Precincts and Regions )၊1 Spring Street, Melbourne မှ 2020 ခုနှစ် မတ်လတွင် ခွင့်ပြုထုတ်ဝေသည်

© ဗစ်တိုးရီးယား အလုပ်အကိုင်၊ နယ်မြေနှင့် ဒေသဆိုင်ရာ ဌာန 2020

Was this page helpful?
Page last updated: 06 Jan 2025

We acknowledge the traditional Aboriginal Owners of Country throughout Victoria, their ongoing connection to this land and we pay our respects to their culture and their Elders past, present and future.